Friday, November 30, 2012

Huawei U8818 ICS 4.0.3 အလွယ်ဆုံးတင်နည်း

အရင်ဆုံးလိုအပ်တာလေးတွေနဲနဲပြောပြမယ်နော်။
၁။ သင် u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
Firmware Download
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။
dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။
ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။
Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို
ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း
စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select "OK"
ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။

၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။
ထိုအချက်အလက်များအားသေချာ ဖတ်ပြီး တစ်ဆင့်ခြင်း လုပ်သွားလျှင် မရစရာ မရှိကြောင်းအာမခံပါတယ်။
သင့်ဖုန်း ဟာ Huawei u8818 ဖြစ်ရုံနဲ့တင် ICS တင်လို့ရပါတယ်။ အများကြီးမစဉ်းစားစေချင်ပါဘူး။
Original Firmware
၈။ Boot မှ ဆက်မတက်ပဲ Firmware ကျသွားသူများကတော့
သင့် ORIGINAL Firmware တင်ရင်လဲ ဒီအတိုင်းပဲတင်ရပါတယ်။ အထက်မှာ ပြောထားတဲ့ နာပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော - ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ထိုနည်းပညာ ကို Huawei U8818 ကိုင်တဲ့ သူငယ်ချင်းများအားလုံးကိုသိစေချင်တဲ့ ဆန္ဒ ပါ။ ကျွန်တော် ၂ညတိတိ မအိပ်မနေ လေ့လာခဲ့ရတာပါ ခင်ဗျာ။ လုံးဝမှန်ကန်ပါကြောင်း အာမခံပါတယ်။
Huawei U8812 ကိုလဲ သူ့ original firmware( Part 1download ////// Part2Download )များ update firmware များအား ဒေါင်းကာ ထိုနည်းတွေအတိုင်းလုပ်နိင်ပါတယ်ခင်ဗျာ။
မြန်မာသူငယ်ချင်များအဖွဲ့မှ ko Aung Thiha တင်ထားတာလေးကို အဆင်ပြေလို့ ပြန်တင်ပေးလိုက်တာပါ
အားလုံးအဆင်ပြေနိုင်စေဖို့အတွက်ပါ  Ko Aung Thiha ကိုလည်းကျေးဇူးတင်ပါတယ်အကိုရေ ။         ။

No comments:

Post a Comment