Friday, November 30, 2012

Huawei U8818 ICS 4.0.3 အလွယ်ဆုံးတင်နည်း

အရင်ဆုံးလိုအပ်တာလေးတွေနဲနဲပြောပြမယ်နော်။
၁။ သင် u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
Firmware Download
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။
dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။
ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။
Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို
ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း
စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select "OK"
ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။

၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။
ထိုအချက်အလက်များအားသေချာ ဖတ်ပြီး တစ်ဆင့်ခြင်း လုပ်သွားလျှင် မရစရာ မရှိကြောင်းအာမခံပါတယ်။
သင့်ဖုန်း ဟာ Huawei u8818 ဖြစ်ရုံနဲ့တင် ICS တင်လို့ရပါတယ်။ အများကြီးမစဉ်းစားစေချင်ပါဘူး။
Original Firmware
၈။ Boot မှ ဆက်မတက်ပဲ Firmware ကျသွားသူများကတော့
သင့် ORIGINAL Firmware တင်ရင်လဲ ဒီအတိုင်းပဲတင်ရပါတယ်။ အထက်မှာ ပြောထားတဲ့ နာပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော - ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ထိုနည်းပညာ ကို Huawei U8818 ကိုင်တဲ့ သူငယ်ချင်းများအားလုံးကိုသိစေချင်တဲ့ ဆန္ဒ ပါ။ ကျွန်တော် ၂ညတိတိ မအိပ်မနေ လေ့လာခဲ့ရတာပါ ခင်ဗျာ။ လုံးဝမှန်ကန်ပါကြောင်း အာမခံပါတယ်။
Huawei U8812 ကိုလဲ သူ့ original firmware( Part 1download ////// Part2Download )များ update firmware များအား ဒေါင်းကာ ထိုနည်းတွေအတိုင်းလုပ်နိင်ပါတယ်ခင်ဗျာ။
မြန်မာသူငယ်ချင်များအဖွဲ့မှ ko Aung Thiha တင်ထားတာလေးကို အဆင်ပြေလို့ ပြန်တင်ပေးလိုက်တာပါ
အားလုံးအဆင်ပြေနိုင်စေဖို့အတွက်ပါ  Ko Aung Thiha ကိုလည်းကျေးဇူးတင်ပါတယ်အကိုရေ ။         ။

Samsung Galaxy Ace S5830 အား Android 4.1.1 JellyBean (CynogenMod 10) သို့ Upgrade လုပ်နည်း


Myanmar Moblie App ကနေ ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်။
Samsung Galaxy Ace S5830 ကို Android 4.1.1 JellyBean သို့ version မြှင့်ချင်သူတွေအတွက် Android 4.1.1 JellyBean (CynogenMod 10) သို့မြှင့်တင်နည်း ကိုတင်ဆက်လိုက်ရပါတယ်။ 

Samsung Galaxy Ace S5830 အတွက် Official JellyBean update မထွက်တာကြောင့် Android 4.1.1 JellyBean (CynogenMod 10) ကိုသုံးပြီး Android 4.1.1 သို့ version မြှင့်မှာဖြစ်ပါတယ်။

ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် ဖုန်းက root လုပ်ပြီးဖြစ်ရပါမယ်။

4.1.1 version မြှင့်ဖို့အတွက် လိုအပ်တဲ့ ဖိုင်နှစ်ခုကိုအောက်မှာအရင် download လုပ်ပါ။

Android 4.1.1 JellyBean (CynogenMod 10 Costom ROM) for Samsung Galexy Ace S5830 အားရယူရန်

Google Apps ဖိုင်အားရယူရန်။

 
- ဖိုင်နှစ်ခုလုံးကို download လုပ်ပြီးပြီဆိုရင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးဖြင့်ချိတ်ဆက်ပြီး အခု download လုပ်ထားတဲ့ဖိုင်နှစ်ခုလုံးကို ဖုန်းရဲ့ SD Card ထဲကိုထည့်ထားပါ။

 ပြီးရင်ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင်ဖုန်းကို ပါဝါပိတ်လိုက်ပါ။

- ပြီးရင်ဖုန်းရဲ့ Recovery Mode ထဲကိုဝင်ရပါမယ်။ ဖုန်းရဲ့ Home ခလုတ် + ပါဝါ ခလုတ် အဲဒီခလုတ်နှစ်ခုကိုတစ်ပြိုင်တည်းတွဲနှိပ်ထားပါ။ 

အောက်ပုံထဲကအတိုင်း Recover Mode ထဲကိုရောက်သွားတော့မှ ခလုတ်များကိုလွှတ်လိုက်ပါတော့ 
-Wipe Data/factor reset ကိုရွေးပြီး ဖုန်းကို factory reset ချလိုက်ပါ။

- ပြီးရင် apply sdcard:update.zip ထဲကိုဝင်ပါ။ ပြီးရင်ခုနက ဖုန်းထဲကိုထည့်ထားတဲ့ Android 4.1.1 JellyBean ဖိုင်ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် ဖုန်းမှာစပြီး Android 4.1 jellyBean (C-RoM BeaN custom ROM) ကိုစတင် install လုပ်ပါလိမ့်မယ်။


- install လုပ်လို့ပြီးသွားပြီဆိုရင် apply sdcard:update.zip ထဲကိုထပ်ဝင်ပါ။ ပြီးရင်ခုနက ဖုန်းထဲကိုထည့်ထားတဲ့ Google Apps ဖိုင်ကိုရွေးပေးပြီး install လိုက်ပါ။


- ပြီးရင် reboot system now ကိုရွေးပေးပြီး ဖုန်းကို restart ချလိုက်ပါ။


- ပြန်တက်လာပြီဆိုရင်တော့ Samsung Galaxy Ace S5830 ဟာ Android 4.1.1 JellyBean (C-RoM BeaN custom ROM) ဖြင့်လန်းနေပြီဖြစ်ပါတယ်။



အားလုံဘဲပျော်ရွှင်ကြပါစေ။ ။
http://itware-wlh.blogspot.com/2012/08/samsung-galaxy-ace-s5830-android-411.html မှပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။  ။

Wednesday, November 28, 2012

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool (Update Post)




ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်

၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download

၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက System>app ထဲက setting.apk နဲ့ System>framework ထဲက framework-res.apk ကို copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other  ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့ framwork-res.apk ဖိုင်ကိုအဲဒီ other ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့ ဒုတိယ Setup.bat ကို run ပါ။

၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2 ကိုရွေးပါ။ Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen ကိုပြန်ရောက်ရင် option 3 ကိုရွေးပါ။  Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့  setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click နှိပ်ပြီး run ပါ။

၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။ (Note++ software အား Google တွင်အလွယ်တကူရှာပြီး Download & Install လုပ်နိုင်ပါတယ်)
၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။

၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string> လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)
၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၅။ Building apk လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင် မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။ y ကိုရွေးပေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို System_ ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၉။ CWM flashable zip ဒေါင်းရန်

၃၀။ 7zip software ဒေါင်းရန်

၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။
Samsung တချို့ဖုန်းတွေအတွက် မရဘူးလို့ Feedback တွေရပါတယ်။ အဲဒီဖုန်းတွေအတွက်ကတော့ အဆင့် 1 ကနေ 5 အတိုင်း framework-res.apk အပြင် twframework-res.apk ဆိုတဲ့ file ကိုပါ တပါတည်း install လုပ်ကြည့်စေချင်ပါတယ်။
ဝှုးးးးး မောထှာ….:) ဝိုင်းဝန်းစမ်းသပ်ပေးကြတဲ့ MMUG မှာ ညီအကို member များအား အထူးပင်ကျေးဇူးတင်ပါတယ်ခဗျာ…နို့မို့…ကျွန်တော်တစ်ယောက်ပဲရပြီး ကျန်တဲ့သူတွေမရဘဲ solution ပျောက်နေမှာဗျ……
ကျေးဇူးထပ်တင်ပါရစေခဗျာ:)

နောက်တစ်ခုက ဒီပို့စ်မှာ comment ပေးသွားတဲ့ တစ်ယောက်ပြောသလိုပဲ မိုဘိုင်းဖုန်းဆိုင်ရာ ခေါ်ဆိုမှုတွေကို မြန်မာဘာသာ စံသတ်မှတ်ချက်လေးတစ်ခုလိုက် ဝိုင်းဝန်းတည်ဆောက်လိုက်ရင် ပိုကောင်းသွားမလားလို့ပါ။ တစ်ခုတော့ ရှိသင့်ပါတယ်။ ဘယ်လို အကောင်အထည်ဖော်သင့်သလဲ ဆိုတာ အကြံဝိုင်းပေးကြပါအုံး။





Note++ Software အားရယူရန်

Myanmar mobile application store မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ကျွန်တော်မင်းမင်း မှော်ဘီရောက်အမှတ်တရ

ဘလောက်ကို 28-11-2012 မှာစရေးပါတယ်။မှော်ဘီကိုရောက်နေတုန်းပေါ့။ ကိုယ်တိုင်လည်းလေ့လာရင်း
ကျွန်တော့်လိုလေ့လာနေသူများအတွက် လေ့လာမိသမျှကိုပြန်တင်ပေးတာပါ ။   ။
အားလုံးကိုအဆင်ပြေစေချင်တဲ့စိတ်နဲ့ပေါ့  ။    ။