Sunday, December 2, 2012

Nokia ဖုန်းတွေမှာ application သွင်းရင် Certificate error မဖြစ်တော့အောင် Hack နည်း

myanmar mobile application store မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။  ။

Nokia ဖုန်းတွေမှာ တစ်ချို့ application တွေသွင်းရင် Certificate error ဆိုတာမျိုး ပြပါတယ်။ အဲလိုမျိုးတွေမဖြစ်အောင် အရင်က တရုတ် website တွေမှာ ဖုန်းရဲ့ IMEI number နဲ့ certificate လျှောက်ပြီးမှ သွင်းရပါတယ်။ အခုတော့ အဲဒါတွေလည်း မရတော့ပါဘူး။
ဒီနည်းလေးကိုလည်းစမ်းသပ်တာအောင်မြင်လို့ပြန် ဝေမျှပေးလိုက်ပါတယ်။
အရင်ဆုံး ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ ဖုန်းရဲ့ memory card location ကွန်ပျူတာမှာပေါ်လာပြီဆိုရင်ကြည့်လိုက်ပါ။
တကယ်လို့ဖုန်းရဲ့ memory card location က E:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineDriversLDD.zip အားရယူရန်
တကယ်လို့ဖုန်းရဲ့ memory card location က F:/ ဆိုရင် အောက်မှာပေးထားတဲ့ဖိုင်ကို download လုပ်ပါ။
QuarantineF.zip အားရယူရန်
ကိုယ့် Drive နဲ့ဆိုင်တဲ့ zip ဖိုင်ကို download လုပ်ပြီးပြီဆိုရင် zip ဖြည်လိုက်ရင် Private ဆိုတဲ့နာမည်နဲ့ folder လေးတစ်ခုရလာပါမယ်။
အဲဒီ folder ကို ဖုန်း memory card ထဲကိုထည့်လိုက်ပါ။ ‘Private’ folder ကိုထည့်ရာမှာ ဖုန်း memory card ရဲ့ ဘယ် folder အောက်ကိုမှမထည့်ပါနဲ့ ။
Memory card ရဲ့ main directory အောက်မှာပဲထည့်ပါ ။ ဥပမာ – memory card ရဲ့ Drive location က F: ဆိုရင် ‘Private’ folder လေးကို F: အောက်မှာပဲ
ထားပါ။
ပြီးရင် Dr.web Antivirus ကိုရယူလိုက်ပါ။
Dr.web Antivirus အားရယူရန်
Dr.web antivirus ကို download ရယူပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Dr.Web Antivirus ထဲကိုဝင်လိုက်ပါ။
အောက်ပုံအတိုင်းပါ။

Dr.Web Antivirus ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Quarantine ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Quarantine ထဲကိုရောက်ပြီဆိုရင် Option ကိုနှိပ်ပါ။ ပြီးရင် Select all ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


ပြီးရင် option ကိုပြန်နှိပ်ပါ။
Restore ကိုနှိပ်ပါ။

ပြီးရင် Rom Patcher Plus ကို ဖုန်းထဲကိုသွင်းရပါမယ်။ အောက်မှာရယူလိုက်ပါ။
Rom Patcher Plus အားရယူရန်
download လုပ်ပြီးပြီဆိုရင် ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ပြီးရင် Rom Patcher Plus ထဲကိုဝင်ပါ။
ပြီးရင် install server RP+ v1.4 နဲ့ Open4all RP+ ကို နှိပ်ပါ။ နှစ်ခုစလုံးကိုနှိပ်ပြီးရင် ဘေးက icon လေးမှာ အစိမ်းရောင်လေးတွေဖြစ်နေရပါမယ်။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် certificate error မဖြစ်အောင် hack လို့ပြီးပါပြီ။ အရင်တုန်းက ဖုန်းထဲမှာ သွင်းရင် certificate error ဖြစ်ဖြစ်နေတဲ့ application တွေကို ဖုန်းထဲမှာ သွင်းကြည့်ပါ။
certificate error မဖြစ်တော့ဘဲ အဆင်ပြေပြေသွင်းလို့ရသွားတာကိုတွေ့ရပါလိမ့်မယ်။

No comments:

Post a Comment